မြန်မာ့ကျောက်မျက်ရတနာပြတိုက်(ရန်ကုန်)၏စံချိန်စံနှုန်းညီလုပ်ထုံးလုပ်နည်းများ
(Standard Operation Procedure -SOP)
မြန်မာ့ကျောက်မျက်ရတနာပြတိုက်(ရန်ကုန်)၏စံချိန်စံနှုန်းညီလုပ်ထုံးလုပ်နည်း
များ(Standard Operation Procedure -SOP) မှာအောက်ပါအတိုင်းဖြစ်ပါသည်-
(က) ပြတိုက်(ရန်ကုန်)ဧည့်ကြိုနှင့်ပြတိုက်ဝင်ကြေးငွေကောက်ခံရေးဝန်ထမ်းများ၏စံချိန်
စံနှုန်းညီလုပ်ထုံးလုပ်နည်းများ-
(၁) ပြတိုက်(ရန်ကုန်)သို့ လာရောက်လေ့လာသောဧည့်သည်တော်များအား
မြန်မာ့ယဉ်ကျေးမှုနှင့်အညီခရီးဦးကြိုဆိုခြင်း၊
(၂) ပြတိုက်ဝင်ကြေးငွေကောက်ခံခြင်းနှင့် ဧည့်သည်မှတ်ပုံတင်ခြင်း၊
(၃) ပြတိုက်အတွင်းသယူဆောင်ခြင်းမပြုရန်တားမြစ်ထားသောပစ္စည်းများကို
ယူဆောင်ခြင်းမပြုရန်နှင့်ဧည့်သည်တော်ပစ္စည်းထားသိုရာဘီရိုအတွင်းသို့ထည့်သွင်းသိမ်းဆည်းစေပြီးဘီရိုသော့ပေးအပ်ခြင်း၊
(ခ) ပြတိုက်(ရန်ကုန်)လုံခြုံရေးဝန်ထမ်းများ၏ စံချိန်စံနှုန်းညီလုပ်ထုံးလုပ်နည်းများ-
(၁) ပြတိုက်သို့ လာရောက်လေ့လာကြည့်ရှုသည့် ဧည့်သည်များကို မြန်မာ့
ယဉ်ကျေးမှုနှင့်လျော်ညီစွာ နှုတ်ခွန်းဆက်သခြင်း၊
(၂) လုံခြုံရေးတာဝန်အရ Metal Detector Body Search ပြုလုပ်ခြင်း၊
(၃) နေ့စဉ်ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် စာရင်းသွင်းခြင်း၊
(၄) လုံခြုံရေးစက်ပစ္စည်း Walk Throughအတွင်းမှဝင်ရောက်စေခြင်း၊
(၅) လာရောက်လေ့လာသောဧည့်သည်တော်များအားသက်တောင့်သက်သာ
ဖြစ်စေရန်ဓါတ်လှေကားဖြင့်ပြတိုက်ပြခန်းဆောင်သို့လိုက်ပါပို့ဆောင်ပေးခြင်း၊
(ဂ) ပြတိုက်(ရန်ကုန်) Display အဖွဲ့ဝန်ထမ်းများ၏စံချိန်စံနှုန်းညီလုပ်ထုံးလုပ်နည်းများ-
(၁) ပြတိုက်(ရန်ကုန်)သို့ လာရောက်ကြည့်ရှုသည့် ဧည့်သည်များကို မြန်မာဘာသာ၊
အင်္ဂလိပ်ဘာသာ၊ ဂျပန်ဘာသာ၊ပြင်သစ်ဘာသာနှင့်တရုတ်ဘာသာစကားများဖြင့်
မြန်မာ့ယဉ်ကျေးမှုနှင့်လျော်ညီစွာရှင်းလင်းပြသဆောင်ရွက်ပေးလျက်ရှိခြင်း၊
(၂) ပြတိုက်ဝန်ထမ်းများအတွက် လိုအပ်လျက်ရှိသောရုရှား၊ ထိုင်း၊ မလေးရှား၊ ဂျာမနီစသည့် နိုင်ငံခြားဘာသာရပ်များကိုလည်းတတ်မြောက်
စေရန်လုပ်ထုံးလုပ်နည်းနှင့်အညီစံချိန်စံနှုန်းတိုးမြှင့်ဆောင်ရွက်သွားရန်စီစဉ်လျက်ရှိခြင်း၊
(ဃ) ပြတိုက်(ရန်ကုန်)ရေ၊မီးအဖွဲ့ဝန်ထမ်းများ၏ စံချိန်စံနှုန်းညီလုပ်ထုံးလုပ်နည်းများ-
(၁) ပြတိုက်(ရန်ကုန်) အတွင်း/အပြင် မီးဘေးအန္တရာယ်ကင်းရှင်းစေရန် ပြတိုက်အထပ်တိုင်းတွင်မီးသတ်ပိုက်၊ရေငုတ်၊ မီးသတ်ဆေးဗူးများကိုအချိန်
အခါမရွေးအသုံးပြုနိုင်ရန် နေ့စဉ်စစ်ဆေးပြီးဆောင်ရွက်ထားရှိခြင်း၊
(၂) ပြတိုက်(ရန်ကုန်)အတွင်း/အပြင်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်
အတွက်မီးသတ်စက်Portable Machine ကိုကြိုတင်စီစဉ်ဆောင်ရွက်ထား
ရှိခြင်း၊
(၃) စည်ပင်ရေပေးဝေမှုပြတ်တောက်ပါကအဝီစိရေ/ရေတွင်းရေဖြင့်ဖြည့်ဆည်း
ထားခြင်း၊
(၄) လျှပ်စစ်မီးပြတ်တောက်ပါက(Generator)မီးစက်ဖြင့်(၃)မိနစ်အတွင်း လျှပ်စစ်
မီးဖြန့်ဖြူးပေးစေခြင်း၊
(င) ပြတိုက်(ရန်ကုန်) ရုံးအဖွဲ့ဝန်ထမ်းများ၏ စံချိန်စံနှုန်းညီလုပ်ထုံးလုပ်နည်းများ-
(၁) ရုံးလုပ်ငန်းဆိုင်ရာမှတ်တမ်းများ၊ စာရင်းဇယား၊ ပြေစာ၊ လယ်ဂျာများ
ထိန်းသိမ်းခြင်းနှင့်စာရေးကိရိယာများ၊ပရိဘောဂများ၊ပြတိုက်တွင်
သုံးစွဲသည့်ပစ္စည်းများကိုစာရင်းဇယားများနှင့်စနစ်တကျထိန်းသိမ်း/ထုတ်ယူ
ဆောင်ရွက်စေခြင်း၊
(၂) ဝင်စာများ၊ ထွက်စာများ၊ ဖြန့်ဝေစာများအချိန်မီပြီးစီးအောင် ဆောင်ရွက်ခြင်း၊
(၃) ဝန်ထမ်းများနေ့စဉ် ရုံးတက်ခြင်း၊ ခွင့်ယူခြင်း၊ လစာတိုးမြှင့်ခြင်း၊ နှစ်တိုးလစာတင်ပြတောင်းခံခြင်းနှင့်ဝန်ထမ်းစည်းကမ်းကိစ္စများကိုလစ်ဟင်းမှု
မရှိစေရေးစီမံဆောင်ရွက်ခြင်း
(၄) e-government လုပ်ငန်းများကို နေ့စဉ် နံနက်(၀၉၃၀)မှ(၁၆၃၀)ထိ ဖွင့်လှစ်၍
ပြတိုက်ဝန်ထမ်းများ၏ကိုယ်ရေးမှတ်တမ်းများ၊ ဝင်/ထွက်စာများ ပြတိုက်တွင်
ပြသထားသော ရတနာပစ္စည်းများစာရင်းနှင့် ဌာန၏ စက်ကရိယာများ ပြင်ဆင်
ထိန်းသိမ်းခြင်းစာရင်းများကို DMS (Document Management System)
စနစ်ဖြင့်အသုံးပြု၍ သိမ်းဆည်းထားရှိခြင်းနှင့် egovernmentနှင့်ပတ်သက်သည့်
အချက်အလက်များကို ပြင်ပသို့ ပေါက်ကြားမှုမရှိစေရေးအတွက် အသုံးပြုသည့် ကွန်ပျူတာနှင့် Website ကိုလျှို့ဝှက်နံပါတ်များထားရှိပြီး တာဝန်ကျ ဝန်ထမ်းများသာ ဝင်/ထွက် ခွင့်ပြုခြင်းကို ဆောင်ရွက်ခြင်းတို့ဖြစ်ပါသည်။